Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ဦးမြို့နယ်၌ မြို့နယ်အဆင့်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲကျင်းပ


11 Apr,2024

ညောင်ဦး ဧပြီ ၁၁

မကွေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ စိန်ခေါ်မှုများ၊ အားနည်းချက်နှင့် အားသာချက်များကို ပိုမို‌ ကောင်းမွန်သော အကြုံပြုချက်များအဖြစ် ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ဧပြီ ၁၀ ရက်နေ့  နံနက်၉:၃၀ နာရီ တွင် အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း က အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦး က စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များ၊ စီမံကိန်းလည်ပတ်နေမှုအခြေအနေနှင့် ကဏ္ဍအလိုက်ငွေထုတ်ချေးထားမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

  တက်ရောက်လာသည့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စီမံကိန်း၌ ကြုံတွေ့ရသော အခက်အခဲများ စိန်ခေါ်မှုများ၊ အားနည်းချက်နှင့် အားသာချက်များကို ပိုမို ကောင်းမွန်သော အကြုံပြုချက်များအဖြစ် ဖော်ထုတ်သိရှိနိုင်စေရေး အဖွဲ့အလိုက် အပြန်အလှန်အကြံပြုဆွေးနွေးကြပြီး  မြို့နယ်မှ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့  မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိသည့်  ကျေးရွာ များ မှ ကော်မတီဝင် များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြောင်းညောင်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း ထံမှ သိရှိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm